Skip to main content

Eco-Warriors ညောင်ရွှေဆိုတာဘာလဲ?

 

A story published at Bamboo Delight Magazine

Minn Myoh Minn Oo


“Eco-Warriors Nyaung Shwe ကို ၂၀၁၉၊ စက်တင်ဘာ (၁၉)ရက်နေ့ “World Clean-Up Day” နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါသည်။ ဤနေ့ရက်က အဖွဲ့အစည်းကို တည်ထောင်တဲ့ရက်တစ်ရက်အနေနဲ့ ပြောတာဆိုပင်မဲ့ အဲဒီရက် မတိုင်ခင်ကတည်းက ကိုယ်ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိရှိနေပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကိုယ်တိုင်က ပလပ်စတစ်တွေ လျှော့ချသုံးတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ချစ်တယ်၊ ပတ်ဝန်းကျင်မှာ ပလပ်စတစ်တွေ၊ အမှိုက်တွေကြောင့် ဆိုးကျိုးတွေ ဖြစ်နေတာ မြင်ပြီး 'ငါဘာလုပ်ပေးနိုင်မလည်း ဘယ်လိုလုပ်ရမလည်း' ဆိုပြီး တွေးခဲ့တယ်။ ကိုယ်တယောက်ထဲလုပ်တာက ကိုယ့်အိမ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ပဲ သန့်ရှင်းမယ်၊ နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့် တွေးကြည့်တော့ ကိုယ်တယောက်ထဲ အားထက်စာရင် အဖွဲ့အစည်းနဲ့ လုပ်တာက ပိုအဆင်ပြေမယ်လို့ စိတ်ကူးမိတယ်။”

“Eco-Warriors Nyaung Shwe ကို ၂၀၁၉၊ စက်တင်ဘာ (၁၉)ရက်နေ့ “World Clean-Up Day” နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါသည်။ ဤနေ့ရက်က အဖွဲ့အစည်းကို တည်ထောင်တဲ့ရက်တစ်ရက်အနေနဲ့ ပြောတာဆိုပင်မဲ့ အဲဒီရက် မတိုင်ခင်ကတည်းက ကိုယ်ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိရှိနေပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကိုယ်တိုင်က ပလပ်စတစ်တွေ လျှော့ချသုံးတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ချစ်တယ်၊ ပတ်ဝန်းကျင်မှာ ပလပ်စတစ်တွေ၊ အမှိုက်တွေကြောင့် ဆိုးကျိုးတွေ ဖြစ်နေတာ မြင်ပြီး 'ငါဘာလုပ်ပေးနိုင်မလည်း ဘယ်လိုလုပ်ရမလည်း' ဆိုပြီး တွေးခဲ့တယ်။ ကိုယ်တယောက်ထဲလုပ်တာက ကိုယ့်အိမ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ပဲ သန့်ရှင်းမယ်၊ နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့် တွေးကြည့်တော့ ကိုယ်တယောက်ထဲ အားထက်စာရင် အဖွဲ့အစည်းနဲ့ လုပ်တာက ပိုအဆင်ပြေမယ်လို့ စိတ်ကူးမိတယ်။”


“ဒါပေမဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး အမှိုက်ကောက်တာတွေ သစ်ပင်စိုက်တာတွေ လုပ်တာမျိုးတော့ ရှိတယ်။ အဲဒါကလည်း တခြားအဖွဲ့အစည်းတွေ ခေါ်တဲ့အချိန်မှ လုပ်ဖြစ်တာပါ။ ထူးထူးခြားခြားနေ့တွေမျိုးမှာပဲ Activity တွေလုပ်တာမျိုးပဲ ဖြစ်နေတဲ့အတွက် အမြဲတမ်းလိုမျိုး မလုပ်နိုင်ဘူး။ ကိုယ်တိုင်လုပ်ချင်တဲ့အခါမျိုးမှာ ထလုပ်ဖို့က ကိုယ့်ရဲ့ကိုယ်ပိုင်အသင်းအဖွဲ့ရှိမှ ဖြစ်မယ်ဆိုပြီး အဖွဲ့ဖွဲ့ဖို့ လိုတယ်လို့ တွေးမိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာကလည်း ကလေးတွေများတယ်၊ Summer School ကြောင့်ရော Library ကြောင့်ရော ကလေးတွေနဲ့ အနေများတော့ ဒီကလေးတွေနဲ့ပဲ အဖွဲ့ဖွဲ့လိုက်ရင် ကောင်းမယ်ဆိုပြီး တွေးမိတယ်။ ပုံမှန်အားဖြင့် အဖွဲ့နာမည်လေးတွေ ရှိပင်မဲ့လည်း ကလေးတွေကို ပတ်ဝန်းကျင်က အမှိုက်ကောက်တဲ့သူတွေ၊ အမှိုက်ကောက်ရုံသပ်သပ်ပဲ လုပ်တဲ့သူတွေအဖြစ် အမြင်မခံစေချင်ဘူး။ အဲဒါကြောင့် သူတို့လေးတွေကို အဖွဲ့ဖွဲ့ပေးပြီး နာမည်လေးရွေးပေးတော့ “Eco-Warriors” ဆိုတဲ့ နာမည်လေးတွေ့တယ်။ ဒီနာမည်လေးကို ဂျူးဂျူးက ကူညီပြီး ရှာပေး၊ရွေးပေးပြီး English လို အဓိပ္ပါယ်လေး ဖွင့်ပေးခဲ့တယ်။”

“ကလေးတွေဆိုတော့ logo လေးနဲ့ ထုတ်ပေးတဲ့အခါ သဘောကျကြတယ်။ ပထမဆုံး ကိုယ်နေတဲ့ အိမ်ရှေ့က လမ်းမကြီး တစ်လျှောက်မှာနေတဲ့ ကလေးအယောက် (၂၀) ကို ရွေးထုတ်ပေးပြီး သူတို့လေးတွေနဲ့ ဒီလမ်းမကြီးပေါ်မှာပဲ အရင်ဦးတည်ပြီး ပထမတစ်လမှာ စတင်လှုပ်ရှားခဲ့တယ်။ ပထမဆုံးအနေနဲ့ Eco-Warriors Logo လေးနဲ့ အမှိုက်ပုံး (၁၃) ပုံးကို ကိုယ်တိုင် လမ်းတစ်လျှောက် လိုက်ချပေးခဲ့တယ်။ ဒီအဖွဲ့ဖွဲ့ပေးထားတဲ့ ကလေးတွေက အပတ်စဉ် သောကြာနေ့တိုင်း အမှိုက်ကောက်ကြတယ်။ အဲဒီအချိန်တုန်းက ကိုဗစ်နှင့်နှင့်နိုင်ငံရေးကြောင့် ကျောင်းတွေ မဖွင့်သေးတော့ ကလေးတွေက ကျောင်းမတက်ရတာနဲ့ သောကြာနေ့တိုင်း အမှိုက်ကောက်သန့်ရှင်းရေး လုပ်ဖြစ်ကြတယ်။ ပြီးတော့ သောကြာနေ့ကို ရွေးရတာက Summer school မှာဆိုရင် သောကြာနေ့ကို ကိုယ်ပိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့လို့ သတ်မှတ်ထားတာရောကြောင့် သောကြာနေ့ကိုပဲ အမှိုက်ကောက်တဲ့နေ့အဖြစ် ရွေးခဲ့တယ်။”


“ခုနောက်ပိုင်း ကျောင်းဖွင့်တာနဲ့ ကျောင်းပြန်တက်ကြတဲ့ ကလေးတွေ ရှိလာတော့ သောကြာနေ့က လူမစုံတော့ဘူး၊ အဲဒါနဲ့ တနင်္ဂနွေမှာပဲ လူစုံပြီး အမှိုက်ကောက်၊ သန့်ရှင်းရေးတွေလုပ်၊ သစ်ပင်စိုက် activity လေးတွေ၊ ပလပ်စတစ်လျှော့ချရေး campaign တွေ လုပ်ကြတယ်။ ဒါမဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး video ရိုက်တာမျိုး၊ သီချင်းလေးတွေ ကျင့်တာမျိုး၊ ကလေးတွေပျော်အောင် အကလေးတွေ ကျင့်တာမျိုးတွေကို တနင်္ဂနွေနေ့မှာ လုပ်ဖြစ်ကြတယ်။ ကလေးအယောက် (၂၀) နဲ့စလိုက်တဲ့ ဒီ Eco-warriors လေးက တစ်လပြည့်တဲ့အချိန်မှာ အဖွဲ့ထဲက ကလေးတွေရဲ့ သူငယ်ချင်းတွေက သူတို့လည်း ပါဝင်ချင်တယ် ဒီတိုင်းမနေချင်ဘူး၊ ဒီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ပါဝင်ချင်တယ်၊ Eco-warriors ဖြစ်ချင်တယ်ဆိုပြီး ပြောလာကြတဲ့အခါမှာ သူတို့ကို ပါဝင်ခွင့်ပေးလိုက်ပါတယ်။”


“အဲဒီကနေပြီး ပါဝင်ချင်တဲ့ ကလေးတွေကို လက်ခံလိုက်တဲ့အခါမှာ အားလုံး အယောက် (၁၀၀) ကျော်လောက် ရှိသွားတယ်။ Library ကို လာတဲ့ ကလေးတွေအားလုံးက Eco-warriors ဖြစ်ချင်တယ်ဆိုတော့ အဖွဲ့ (၁၀) ဖွဲ့ ခွဲပေးပြီး စနစ်တကျ လုပ်ပေးလိုက်တယ်။ တစ်စ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင် (၂) ယောက်ထားပေးပြီး ခေါင်းဆောင်ကိုလည်း သူတို့ထဲက ကလေးတွေကိုပဲ ထားပေးတယ်။ ပုံမှန်ဆိုရင် သူတို့သတ်မှတ်ထားတဲ့ နေရာလေးမှာ အားလပ်ရက် တစ်စက်ရွေးပြီး အမှိုက်ကောက် သန့်ရှင်းရေးလုပ်ကြတယ်။ တနင်္ဂနွေနေ့နေ့ကျရင်တော့ Eco-warriors အားလုံးဆုံပြီး နေရာရွေးတာတွေ၊ အချိန်ပြောတာတွေ ဆွေးနွေးကြတယ်၊ activity အတွက် အသေးစိတ်တွေကိုတော့ ကျွန်မကိုယ်တိုင်ပဲ ပြောပြပါတယ်။”

“ခုလောလောဆယ်မှာတော့ Eco-warriors ကို “World Clenan-Up Day” မှာ ပါဝင်လာတာ (၂)ကြိမ်ရှိပါပြီ။ ပထမတကြိမ် ၂၀၂၀ မှာ ပူးပေါင်းဆောင်ရွက်မှု အများကြီးမလုပ်နိုင်ခဲ့ဘူး။ ကိုဗစ်နဲ့ဆိုတော့ နည်းနည်းပဲ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒုတိယတစ်ကြိမ်မှာတော့ ကြီးကြီးမားမား လုပ်ဖြစ်ခဲ့တာက ဘုရားကြီးကျေးရွာမှာ ကိုဗစ်နဲ့နိုင်ငံရေးကြောင့် ကျေးရွာသူတွေက အမှိုက်တွေကို စည်းကမ်းမဲ့ပစ်လာကြတယ်။ အမှိုက်ပုံကြီးဖြစ်လာတော့ တော်တော်အမြင်ဆိုးပြီး အမှိုက်တွေကြောင့် ပတ်ဝန်းကျင်က လူတွေလည်း ကျန်းမာရေး ထိခိုက်တယ်ဆိုပြီး ပြောလာတဲ့သူတွေ ရှိတာကြောင့် အဲဒီနေရာမှာ activity တစ်ခု သွားလုပ်မယ်ဆိုပြိး အဲံဒီအမှိုက်ပုံကြီးကို သွားရှင်းခဲ့တယ်။ Eco-warriors ထဲက ခေါင်းဆောင်အယောက် (၂၀) ထဲရယ်နဲ့ ရပ်ကွက်ထဲက တကယ်လုပ်ပေးချင်တဲ့ သူတွေကို ငှားပြီး Volunteer လုပ်ခိုင်းခဲ့တယ်။”


“ဒီအယောက် (၃၀) လောက်နဲ့ အမှိုက်ပုံကြီးကို (၃)ရက်တိတိ ရှင်းခဲ့ပါတယ်။ (၃)ရက်နဲ့ပြီးအောင် သန့်ရှင်းရေး သွားလုပ်ခဲ့တဲ့အတွက်ကြောင့် အဖွဲ့ထဲကနေပြီး ပိုက်ဆံ(၃)သိန်းကျော်လောက် စိုက်ထုတ်ရပါတယ်။ လူအားနဲ့ မနိုင်တာကြောင့် စက်အားနဲ့ဝင်ရတယ်။ ထွန်စက်တွေ မြေကော်စက်တွေနဲ့ ငှားပြီး ရွှေ့ရတာတွေ ခြံစည်းရိုးတွေ ခတ်ရ၊ သစ်ပင်လေးတွေ ပြန်စိုက်ပေးခဲ့ရတာတွေနဲ့ လာကူပေးတဲ့ volunteer တွေကို ထောက်ပံ့ပေးရတာတွေရှိလို့ အဲဒီ activityလေးက စိုက်ငွေ (၃)သိန်းလောက် ကုန်သွားတယ်။ ဒါပေမဲ့ အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့လို့ ပီတိဖြစ်ရတယ်။ အဲဒါက Eco-warriors တွေရဲ့ ကြီးမားတဲ့ အောင်မြင်မှုတခုပါပဲ။ အခုလည်းဆက်ပြီး သစ်ပင်စိုက်တာတွေ၊ တနင်္ဂနွေနေ့တိုင်း နေရာတစ်နေရာ သတ်မှတ်ပြီး သန့်ရှင်းရေးလုပ်တာတွေကို ဆက်လုပ်ဖြစ်တယ်။ အဓိက target က ညောင်ရွှေမြို့မှာ အမှိုက်တွေ ပလပ်စတစ်တွေရှိတာ မမြင်ချင်တာရယ်၊ အမှိုက်ပုံတွေရှိနေတာမမြင်ချင်တာရယ်ပါ။”

“ညောင်ရွှေမြို့မှာ အင်းလေးနှင်းဆီ အမှိုက်သိမ်းဝန်ဆောင်မှု ရှိနေပင်မဲ့လည်း အခုချိန်ထိ အသိပညာနိမ့်ပါးတဲ့ သူတွေကျတော့ စည်းကမ်းမဲ့ အမှိုက်ပစ်နေကြတုန်းပါ။ ဒါပေမဲ့ Eco-warriors အဖွဲ့ကြောင့် တနှစ်ကျော် နှစ်နှစ်နီးပါး အချိန်အတွင်းမှာ ညောင်ရွှေမြို့က အရင်ကထက် အများကြီး ပိုသန့်ရှင်းလာတယ်။ ကလေးတွေ လုပ်တာဖြစ်တဲ့အတွက်ကြောင့် လူတွေကလည်း respect ပေးတဲ့သဘောမျိုးရော သနားတာရောကြောင့် စနစ်တကျ အမှိုက်ပစ်လာကြတယ်။ မြို့ရဲ့နေရာတော်တော်များများ အဓိကက Eco-warriors တွေ နေထိုင်တဲ့ နေရာတွေမှာ အမှိုက်တွေ ကင်းစင်လာတယ်၊ အမှိုက်ပုံတွေလည်း သိပ်မရှိတော့ဘူး။ အဲဒါက ထူးခြားတဲ့ ပြောင်းလဲမှုပါ​။ နောက်တခုက Eco-warriors တွေရဲ့အိမ်က မိဘတွေကလည်း ပြောင်းလဲလာတယ်။ သူတို့ကလေးတွေကြောင့် သူတို့ကိုယ်တိုင် ပြောင်းလဲလာပြီး အိမ်မှာ အမှိုက်မီးရှို့တာတွေ၊ စည်းကမ်းမဲ့ စွန့်ပစ်တာတွေ မလုပ်တော့ဘဲ အင်းလေးနှင်းဆီက ရောင်းတဲ့ အမှိုက်အိတ်တွေကို ဝယ်ပြီး စနစ်တကျ အမှိုက်ပစ်တယ်။ ဒါတွေက Eco-warriors လေးတွေရဲ့ စွမ်းဆောင်မှုကြောင့် ပြောင်းလဲလာတဲ့အရာပါ။”


“Eco-warriors အဖွဲ့မှာဆိုရင် ညောင်ရွှေမြို့တစ်မြို့လုံးမှ နန္ဒဝန်ရပ်၊ မိုင်းလီရပ်၊ သာစည်ရပ်၊ ကန်သာရပ်၊ ဘုရားကြီး စုစုပေါင်း ရပ်ကွက် (၅) ရပ်ကွက် ပါဝင်တယ်။ ညောင်ရွှေမှာ စုစုပေါင်းရှိတာက (၈) ရပ်ကွက်၊ (၅) ရပ်ကွက်မှ ကလေးတွေက ကျွန်မတို့အဖွဲ့မှာ ပါဝင်ကြပါတယ်။ လူအင်အားက (၁၅၀) လောက် ရှိပါတယ်။ အမြဲ active ဖြစ်တဲ့ ကလေးကတော့ (၇၀) နှင့် (၈၀) ကြားရှိပါတယ်။  အိမ်ထောင်သည် အမျိုးသမီးတွေအနေနဲ့ အမြဲတမ်း အမှိုက်ကောက် မလိုက်နိုင်တာတွေရှိတော့ သူတို့တတ်နိုင်တဲ့ဖက်ကနေ ပါဝင်လှုပ်ရှားပေးကြတယ်​။ သူတို့ကိုယ်တိုင် ပလပ်စတစ်တွေ လျှော့ချသုံးပေးတာမျိုးတွေ၊ Eco-brick လေးတွေ ပြုလုပ်ပြီး ယူလာပေးတာမျိုးတွေ ရှိတယ်။ သူတို့ယူလာပေးတာတွေကိုစုပြီး ကလေးတွေအတွက် စာဖတ်ခန်းလေး ပြန်လုပ်ပေးထားပါတယ်။”

“ကျွန်မတို့ အဖွဲ့ တနင်္ဂနွေနေ့တိုင်း မြို့အနှံ့ လှုပ်ရှားမှုပြုလုပ်ပြီးတဲ့အခါတိုင်း ကလေးတွေကို အဆာပြေ မုန့်သရေစာနှင့် အမောပြေအချိုရည်တို့ကို အမြဲကျွေးပါတယ်။ နိုင်ငံခြားက သူငယ်ချင်းတွေက လှူပေးသလို ပြည်တွင်းက သူငယ်ချင်းတွေကလည်း ကလေးတွေအတွက် လှူပေးကြတာပါ။ တစ်ခါတစ်လေကျတော့ အမှိုက်ကောက်တဲ့ နေရာတွေမှာ အိမ်တွေကလည်း မုန့်ကြွေးတာလည်း ရှိပါတယ်။”


“ညောင်ရွှေမြို့မှာ ကျွန်မအနေနဲ့ ယခုလို Eco-warriorsအဖွဲ့လေး တည်ထောင်ဖြစ်တာကိုရော၊ ဒီအဖွဲ့လေး တည်ရှိနေတာကိုရောကြောင့် ဂုဏ်ယူရပါတယ်။ ဒီအဖွဲ့လေးသာ မတည်ထောင်ဖြစ်ခဲ့ရင် ဒီအယောက် (၁၀၀) ကျော်ရဲ့ အသိစိတ်ထဲမှာ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရမယ်၊ ပလပ်စတစ်တွေ လျှော့ချသုံးစွဲရမယ်၊ သဘာဝကို ချစ်ရမယ်ဆိုတဲ့ စိတ်တွေရှိလာမှာ မဟုတ်ဘဲ စည်းကမ်း မဲ့အမှိုက်တွေ စွန့်ပစ်ကောင်းပစ်နေကြလိမ့်မယ်။ အခုဆို သူတို့ကိုယ်တိုင်က Eco-warriors ဖြစ်နေတဲ့အတွက်ကြောင့် ဒီပတ်ဝန်းကျင်က ကလေးအယောက် (၁၀၀) ကျော်လောက်အပြင် သူတို့ရဲ့မိသားစုတွေကပါ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုတဲ့လူသားတွေ ဖြစ်လာကြတဲ့အတွက်ကြောင့် ဂုဏ်ယူမိပါတယ်။”

ကျွန်မအနေဖြင့် “ဆက်ပြီးတော့လည်း တိုးတက်အောင် တတ်နိုင်သလောက် လုပ်သွားမယ်။ ပြီးတော့ ကလေးတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပညာပေးတာတွေ အဖွဲ့အစည်းတွေကနေ လာဟောပြောပေးတာတွေ၊ သူတို့ကို ထောက်ပံ့ပေးတဲ့သူတွေနဲ့တွေ့ချင်သေးတယ်။ ကလေးတွေ လူငယ်တွေ ကိုယ်တိုင်ဦးဆောင်ပြီး ပညာပေးအစီအစဉ်တွေ လုပ်ပေးတာမျိုး၊ မျှဝေသင်ကြားပေးတာမျိုးတွေလည်း တွေ့မြင်ချင်သေးတယ်။ ကိုယ်ပိုင်အသိစိတ်နဲ့ ကိုယ်ပိုင်လုပ်နိုင်ပေမဲ့ လေ့လာသင်ယူမှုတွေ အများကြီး လိုအပ်နေပါသေးတယ်။ အခြေအနေနဲ့အချိန် အသက်အရွယ်အရ ကိုယ်တိုင်က အများကြီး မသင်ယူနိုင်တော့လို့ ကလေးတွေကိုပဲ သင်ယူစေချင်တယ်။ နောက်ပြီး ဒီအဖွဲ့အစည်းကိုလည်း ညောင်ရွှေမြို့အတွက် အမြဲတည်မြဲနေစေချင်တယ်။”