Skip to main content

Bamboo Delight Summer School ဆိုတာဘာလဲ?

 

A Story published at Bamboo Delight Magazine

(Minn) Myoh Minn Oo


Hand to Hand Charity Myanmar ၏ project တစ်ခုဖြစ်သော Bamboo Delight Summer School ကို ၂၀၁၃ခုနှစ်မှာ Bamboo Delight Library နှင့်အတူ  စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါသည်။ 


“ဤကျောင်းလေးဖွင့်ဖို့ အရင်ကတည်းက စိတ်ကူးရှိခဲ့တယ်။ ဟိုးငယ်ငယ်ကတည်းက ကလေးတွေက ကျွန်မအိမ်ကို အမြဲလာတယ်။ ကလေးတွေကို လေ့လာသင်ယူစရာတခုခုကို မျှဝေပေးချင်တယ်၊ ပြီးတော့ သူတို့ရဲ့ပျော်ရွှင်မှုအတွက် လုပ်ပေးချင်တယ်။ အဲဒီစိတ်ကူးလေးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကျော်ကတည်းက ကျွန်မအဖေ၊အမေ ရှိစဉ်ကတည်းက အတွေးတွေပါ။ အဲဒီလိုနဲ့ အဖေ၊အမေဆုံးသွားပြီး ကျွန်မလက်ထက်ရောက်တော့ စီးပွါးရေးတစ်ခုလုပ်ဖို့ အခွင့်အရေးရလာတယ်၊ Bamboo Delight ဆိုတဲ့နာမည်လေးကလည်း ကိုယ်ကဝါးကိုချစ်တယ်၊ ဝါးနဲ့ပတ်သက်ရင် အရမ်း ရူးသွပ်တယ်၊ အဲဒါနဲ့ နိုင်ငံခြားသူ ဧည့်သည်တယောက်က နာမည်ရွေးပေးမယ်ဆိုတော့ ဝါးနဲ့ပတ်သက်တာရွေးပေးဆိုပြီး ပြောလိုက်တော့ Bamboo Delight ဆိုတဲ့ နာမည်လေး ရွေးပေးလာတယ်။ ဒီနာမည်လေးရွေးပြီး ပေးပေးတဲ့သူက ပြင်သစ်နိုင်ငံသူဧည့်သည်က ရွေးပေးထားတာပါ။

ကျောင်းစဖွင့်စဉ်က စာသင်ခန်းဟူ၍ သီးသန့်မရှိသည့်အတွက် ဧည့်ခန်းမှာသာ ကလေးများ စာသင်ခဲ့ရပါသည်


“နာမည်ရွေးပေးတုန်းက စစချင်း အဲဒီနာမည်ရဲ့အဓိပ္ပာယ်ကို မသိခဲ့ပါဘူး။ နောက်အဓိပ္ပာယ်သိလာတော့ နာမည်လေးကို ပိုကြိုက်လာတယ်။ ကျွန်မကို ငယ်ငယ်က အဖေပေးခဲ့တဲ့နာမည်ကလည်း Bamboo Princess ပါ။ Cooking class ကို 2013 March (13) ရက်နေ့မှာ စထောင်ခဲ့ပါတယ်။ ပထမဆုံး customerက နာမည်ရွေးပေးတဲ့ ပြင်သစ်သူပါ။ သူက Cooking classရဲ့ ပထမဆုံး Customer ဖြစ်ပါတယ်။ အဲဒီလိုနဲ့ Cooking class ကို ပထမဆုံးညောင်ရွှေမှာပဲ စလုပ်ခဲ့တယ်။ အဲဒီပြင်သစ်သူ အမျိုးသမီးက ကိုယ့်ရဲ့ဝင်ငွေထဲက 15%ကို ပရဟိတအတွက် ဖယ်ပေးနိုင်လားလို့ မေးတယ်။ ဖယ်နိုင်မယ်ဆိုရင် ကျန်တာတွေကို သူ့ဖက်ကနေ ကူညီပေးနိုင်တယ်ဆိုပြီး ပြောလာတယ်။ အဲဒီလိုနဲ့ပရဟိတလုပ်ဖို့ ဆုံးဖြတ်ချက်ချပြီး ကလေးတွေရဲ့ ပညာရေးကိုရွေးချယ်ခဲ့တယ်။ 


“ကျွန်မမှာလည်း ပညာရေးနဲ့ပတ်သက်ပြီး အမှတ်တရတွေရှိတော့ ပညာရေးကို ပရဟိတလုပ်ဖို့ ရွေးချယ်ခဲ့တာပါ။ အဲဒီလိုနဲ့ ကလေးတွေအတွက် Summer School စဖွင့်ခဲ့တယ်။ စစဖွင့်တုန်းက အိမ်နီးနားချင်းကလေးတွေနဲ့ အိမ်ကိုအမြဲလာကစားတဲ့ ကလေးတွေပဲရှိတာပါ။ သူတို့ပျော်ရင်လာတယ်၊ မပျော်ရင် မလာဘူးဆိုတော့ ကျောင်းရယ်လို့ ပီပီပြင်ပြင် မလုပ်ပေးနိုင်သေးဘူး။ ကလေးတွေအတွက် ကစားတဲ့နေရာလေးလို၊ စာဖတ်တဲ့နေရာလေးလိုနဲ့ အချိန်ပိုင်းလေးနဲ့လုပ်ပေးခဲ့တယ် ။အဲဒီအချိန် Cooking clasမှာ ဟင်းလာချက်တဲ့ နိုင်ငံခြားသားဧည့်သည်တွေက ဟင်းလျာချက်ပြီး သူတို့ထမင်းစားလို့ပြီးတဲ့အချိန်တွေမှာ သူတို့တည်းခိုတဲ့နေရာကိုမပြန်ခင် ကျွန်မတို့နဲ့ စကားလေးတွေပြော ဗဟုသုတလေးတွေ မျှဝေပေးတဲ့အချိန်မှာ ကလေးတွေကိုတွေ့သွားတော့ ကလေးတွေနဲ့ကစားပေးတာမျိုး English စာသင်ပေးတာမျိုးတွေ လုပ်ပေးကြတယ်။ အဲဒါနဲ့ အားလပ်တဲ့အချိန်မှာ ကလေးတွေကို စာသင်ပေးနိုင်မလားဆိုပြီး မေးကြည့်တော့ သူတို့ကလည်း သင်ပေးနိုင်တယ်ဆိုပြီး ပြောလာတော့ English စာ သင်တန်းကျောင်းလေးလုပ်ပေးမယ်ဆိုပြီး စိတ်ကူးရရပြီး ကလေးတွေအတွက် နွေရာသီကျတော့ နွေရာသီကျောင်းလေး ဖွင့်ပေးဖြစ်ခဲ့တယ်။” 


စာသင်ပေးတာက နိုင်ငံခြားသားတွေအနေနဲ့ တကူးတက သီးသန့် သင်ပေးတာမျိုးမဟုတ်ဘဲ cooking class လာလုပ်ပြီး အားတဲ့အချိန်ကျ ကလေးတွေကို Englishစာ သင်ပေးတယ်၊ စာရေးကိရိယာတွေ ယူလာပေးတယ်။ အဲဒီလိုပထမဆုံးစလုပ်တုန်းကဆိုရင် ကလေးတွေက အိမ်နီးနားချင်းကလေးတွေ၊ အိမ်ကိုအမြဲလာကစားတဲ့ကလေးတွေနဲ့ ၁၅ယောက်လောက်ပဲရှိတယ်။ အဲဒါကတော့ Bamboo Delight Summer Schoolရဲ့ အစပါ။ စဖွင့်တုန်းကဆိုရင် စာရေးခုံ၊ စာရေးကရိယာတွေရယ်လို့မရှိတော့ ကြမ်းပြင်ပေါ်မှာ ကုန်းပြီး ကလေးတွေ စာရေးခဲ့ရတယ်။ အဲဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ်လုပ်ရင်း 2018 ခုနှစ်ရောက်တော့ အကူအညီတွေရလာတယ်၊ နိုင်ငံခြားသားတွေရဲ့ အကြံပေးမှုတွေ အကူအညီတွေ အများကြီးရလာတော့ ဝါးစာသင်ကျောင်းလေးဆောက်ပြီး ဖွင့်ပေးခဲ့တယ်။

Foreigner Volunteers များမှ English စာသင်ကြားပေးနေပုံ

“ပထမဆုံးဝါးကျောင်းလေးဖွင့်ပြီး ကျောင်းသား ၇၀ကျော် လက်ခံခဲ့တယ်။ ၂၀၁၈ ခုနှစ်ကတော့ Bamboo Delight Summer School ဆိုပြီး ပီပီပြင်ပြင်​ခေါ်လို့ရတဲ့နှစ်ပါ။ Uniformက အစ လုပ်ပေးနိုင်ခဲ့တယ်။ ကျွန်မရဲ့စီးပွားရေးကလည်း အရမ်းအောင်မြင်နေတဲ့အချိန် နိုင်ငံခြားသားဧည့်သည်တွေကလည်း cooking classကို အရမ်းလာတော့ ကလေးတွေကို ကောင်းကောင်းsupportပေးနိုင်တယ်။ နိုင်ငံခြားသားတွေအများကြီးလာတော့ သူတို့ရဲ့ support တွေလည်း အများကြီးရတယ်။ နောက်တခုကကျတော့ ၂၀၁၈ခုနှစ်မှာ ကလေးအယောက် ၇၀ကျော်၊ ၂၀၁၉ ခုနှစ်မှာ ကလေးအယောက် ၂၀၀ကျော်ကိုကို အခမဲ့လက်ခံခဲ့တယ်။ နိုင်ငံခြားသားတွေရဲ့ ကူညီမှုနဲ့ Facebook ပေါ်မှာ ပို့စ်တင်တက်လာတယ်တယ်၊ Social media တွေမှာ ကြေငြာခွင့်ရတယ်၊ ပြီးတော့ ကိုယ်တိုင်ကလည်း Facebook သုံးတတ်လာတော့ ပို့စ်တွေတင်ရင်းကနေ လူသိပိုများလာခဲ့တယ်။အဲဒီလိုနဲ့ အောင်မြင်မှုက အရှိန်တက်လာတယ်။” 

Sue

၂၀၂၀ မှာ ကိုဗစ်စဖြစ်တော့ Summer Schoolကို ရပ်ခဲ့ရပါတယ်။ ရပ်ထားပေမဲ့ အိမ်ကို လာတဲ့ကလေးတွေက ရှိနေတယ်၊ ကိုဗစ်ကြောင့် lockdown မိတဲ့သူတွေ အိမ်တွေကို အလှူငွေရှာပြီး စားစရာတွေပို့တယ်၊ ကူညီပေးတာမျိုးတွေလုပ်ခဲ့တယ်။ အိမ်ကိုလာတဲ့ ကလေးတွေက အမြဲရှိနေတော့ ၂၀၂၁မှာ ကျွန်မသမီးကြီး ရှုမငြီးနဲ့ ပြန်စပြီး ကလေးတွေကို စာစသင်ပေးခဲ့တယ်။ ကလေးဦးရေလည်း အရမ်းမများဘူး။ တိုးတိုးတိတ်တိတ်လေးပဲ စဖွင့်ခဲ့တယ်။ ၂၀၂၂ ကျတော့ Bamboo Delight Summer Youth Camp ဆိုတဲ့ ပုံစံဖြင့် ကလေးတွေကို သေချာ Music, English နှင့် Social Science ဘာသာရပ်တွေကို သင်ကြားပေးခဲ့တယ်။ ကိုဗစ်ကလည်းဖြစ် နိုင်ငံရေးကလည်း အကြပ်အတည်းဖြစ်နေခဲ့တာကြောင့် အထောက်အပံ့တွေ ကောင်းကောင်းမရခဲ့တာကြောင့်င့် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်တယ်။ သို့ပေမဲ့ ကျွန်မနှင့် လုပ်အားပေး ဆရာဆရာမများကြောင့် အောင်အောင်မြင်မြင် ပြီးဆုံးအောင်လုပ်နိုင်ခဲ့ပါတယ်။ နှစ်တိုင်း ယခု Bamboo Delight Summer Youth Camp ပိုမိုကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ဆက်လက်ဖွင့်သွားမှာဖြစ်ပါသည်။